လိုအပ်တဲ့ အာဟာရနဲ့ လျော်ညီတဲ့
အစားအစာလည်း ကျွေးဖို့ လိုပါသေးတယ်။ ငှက်ပျောသီး၊ ပန်းသီး၊ နွားနို့၊
ဆန်ပြုတ် အစ ရှိသဖြင့် ကျွေးမွေး ထားရင် ကလေး အာဟာ ရ မပြတ် နိုင်ပါဘူး။
၂၄ နာရီ အတွင်း ဘာမှ မကျွေးပဲ ထားရင်တော့
ကလေး ငိုတော့မှာပါ။ ဒီတော့ ကလေး တစ်ယောက် မွေးပြီဆို သူ့အတွက် အဝတ်အစား၊
အိပ်ယာခင်း၊ ကစားစရာ အရုပ်၊ တစ်ကိုယ်ရေ သန့်ရှင်းမှု အစရှိသဖြင့် လိုက်လံ
ဂရုစိုက် ပေးရမှာ ဖြစ်ပါတယ်။ စမတ်ဖုန်း သုံးသူတိုင်း မွေးလို့ ရပါတယ်။
တစ်ရက်တည်းနဲ့ တစ်ခန်းပြီး တစ်ခန်း ဆော့ရ မယ့် ဂိမ်းမျိုး၊ အက်ရှင်၊
စွန့်စားခန်း ဂိမ်းမျိုး မဟုတ်ပါဘူး။ တစ်ရက် တစ်ရက်နဲ့ လကြာ၊ နှစ်ကြာ
ဆော့ယူ ရမယ့်ဂိမ်း ဖြစ်ပါတယ်။ အပန်းလည်း မကြီးပါဘူး။ ကိုယ်က ကလေး တစ်ယောက်
မွေးထားတယ် ဆိုတဲ့ စိတ်လေးနဲ့ ဆိုတော့ ဘာပဲ ဖြစ်ဖြစ် ဖုန်းနဲ့ စိတ်နဲ့
ကိုယ်နဲ့ အမြဲကပ် နေမယ်လို့ ထင်တာပါပဲ။
Baby Adopter အမည်ရတဲ့ ဂိမ်းဖြစ်ပြီး
Android အတွက်ရော၊ iOS အတွက်ရော ထုတ်လုပ် ထားတဲ့ဂိမ်း ဖြစ်ပါတယ်။
တစ်ယောက်တည်း သမားများ သို့မဟုတ် ကလေး ချစ်တတ် သူများ အနေနဲ့
ယင်းဆော့ဖ်ဝဲကို နီးစပ်ရာ ဆိုင်များမှာ သွင်းယူ နိုင်ပါတယ်။ တော်တော်
များများလည်း ဆော့နေပြီမို့ သူငယ်ချင်း မိတ်ဆွေတွေ ဆီကနေလည်း ရယူနိုင်
ပါတယ်။
Android apk ကို အောက်ပါလခ့်မှာ ဒေါင်းလုခ်ဆွဲ ရယူ နိုင်ပါတယ်။
Baby Adopter holiday.apk
Baby Adopter holiday.apk
No comments:
Post a Comment